ခွဲလို့မရဘူး
သတိရခြင်းရဲ့နောက်က
အလွမ်းက ကပ်ကပ်ပါလာတယ်
ဘယ်အချိန်ပဲဖြစ်ဖြစ်
နင်ကိုသတိရမိရင်
ကလေးဘ၀က ကစားဘူးတဲ့
ကစားနည်းထဲကအတိုင်းဖြစ်သွားတယ်
….." ကျောက်ရုပ်" ……..
ပဒေသရာဇ် သတို့သမီးရဲ့ ၀တ်လဲတော် အနားစကို နမ်းရှိုက်ခွင့် ငါလို သူဆင်းရဲကောင်မှာ မရှိပါဘူး တဲ့ ။
မြို့လေး နှစ်မြို့ဟာ တစ်ယောက်ရင်ဘတ် တစ်ယောက် လက်ချင်းယှက်ပြီး ညရေးညတာ မလုံမခြုံ အိပ်စက်နေလေရဲ့ ။
မြေပြင်မရှိတော့ရင်လည်း ဘုရားသာသနာတော်နဲ့ ဆက်လက် ရပ်တည်ကြ ။ ရေပြင်မရှိတော့ရင်လည်း ဘုရားသာသနာတော်နဲ့ ဆက်လက် စိုပြည်ကြ ။ လေထု မရှိတော့ရင်လည်း ဘုရားသာသနာတော်နဲ့ ဆက်လက်အသက်ရှုရှိုက်ကြ ။ မီးတောက် မရှိတော့ရင်လည်း ဘုရား သာသနာတော်နဲ့ ဆက်လက် နွေးထွေးကြ ။ ငါဟာ ဗုဒ္ဓဘာသာဝင် တစ်ယောက်ဖြစ်တယ် ။
ခွဲလို့မရဘူး
သတိရခြင်းရဲ့နောက်က
အလွမ်းက ကပ်ကပ်ပါလာတယ်
ဘယ်အချိန်ပဲဖြစ်ဖြစ်
နင်ကိုသတိရမိရင်
ကလေးဘ၀က ကစားဘူးတဲ့
ကစားနည်းထဲကအတိုင်းဖြစ်သွားတယ်
….." ကျောက်ရုပ်" ……..
ရိုးသားတယ်ဆိုတဲ့ ငါ့အနားမှာ
နင်အတွက် ငါက ဘ၀တစ်ခုမဟုတ်ဘူး မဝေသီ
ငါက မီးတောက်တွေနဲ့ ကြီးပျင်းခဲ့ရတဲ့သူပါ
ငါ့ဘ၀ မီးတောက်တွေထဲ မသိကျေးကျွန်ပြုပြီး မခေါ်ချင်ပြန်ဘူး
အချစ်ဆိုတာ ချစ်နေဖို့ပဲ
ဆိုပေမယ့်
တစ်ကယ်တမ်း လက်တွေ့မှာ အသုံးမတည့်တော့
လိုတရ မဟုတ်တဲ့နင်ဟာ
လိုချင်တာကိုတော့ ရနေတဲ့သူပါ ။
ဘ၀ဆိုတာ နင်နဲ့ငါ လိုက်မမှီတဲ့ လျှို့ဝှက်ချက်
နင်နဲ့ငါတွေ့တိုင်း Silence လုပ်ထားတဲ့ ဖုန်းရဲ့နောက်ကွယ်မှာ
နင်အခါတိုင်း မျက်ရည်ကျနေတာကိုက မဖြစ်နိုင်ခဲ့တာပါ
ငါတို့တွေက ကလေးတွေမှမဟုတ်ကြတော့တာ
အချစ်ကို ဖတ်တွယ်လို့ နင်ပဲ ခံစားရမှာ ငါမမြင်ရက်ဘူး မဝေသီ
နင့်ကားထဲကဖွင့်လက်စ သီချင်းလို ''နေပါစေချစ်လို့"
ငါတို့တွေ မုန်းကြတာပဲကောင်းမယ်ထင်ပါတယ်
ရာဇ၀င်မှာ မယ်သီတာနဲ့ဒဿဂီရိက ညားကြတာမှမဟုတ်တာ
ငါက တစ်ခြမ်းပဲ့…''လ" No No
ငါက ပြည့်ခွင့်မရှိပဲ ဖြစ်တည်နေတဲ့
လမိုက်ညများနဲ့ ကောင်ပါ..။
ငါက နင့်ဆို တစ်နင့်တစ်ပိုးနဲ့
ချစ်ခဲ့မိပါတယ်လို့ ၀န်ခံပါတယ် ဝေသီ
နင့်ဘ၀ခရီးမှာ ငါက နှောက်မြီးဆွဲမှာ စိုးတယ်
ငါက အဆိပ်ရှိတဲ့ နွားတစ်ကောင်ပါ မဝေသီ
မနေ့က မသောက်ဖြစ်လိုက်တဲ့ အဆိပ်တွေနဲ့
မနေ့က မသိလိုက်တဲ့ တနင်္ဂနွေ နေ့အချို့နဲ့
ငါက အဆိပ်ရှိတဲ့ နွားတစ်ကောင်ပါ . ။
ငါ့ အတွက်ဆိုပြီး ယုယမှုတွေ ပေးခဲ့တာ
နင်နဲ့ စကားလေးတွေ ပြောချင်နေတာ
နင့်မျက်နှာလေးတွေကို မြင်ယောင်လာတိုင်း
ငါ . . သံယောဇဉ်ဖျက်မိပါတယ် . . ။
အတိတ်ဆိုတာ မမေ့ကောင်းတဲ့အရာတဲ့လား မဝေသီ
အသည်းကွဲလို့ မျက်ရည်ကျတယ်ဆိုရင် ငါငိုနေသေးတယ် မ၀ါဆို
အံဝင်ဂွင်ကျဖြစ်ပြီးသား အခေါင်းပေါ်က ရုပ်အလောင်းလို
ငါ နင့်အနားက ဝေးသွားခြင်းလား
နင် ငါ့အနားက ဝေးသွားခြင်းလား ဘယ်အရာကိုမှ မသိနိုင်တော့
ဝေးသွားခြင်းက ပဲ့ထွက်သွားတဲ့ မေတ္တာ
အသိကြီးကြီး သတိကြီးကြီး ထားခဲ့ပါတယ်
ပစ္စုပ္ပန်နဲ့ အနာဂတ်ကို မျှော်ငေးမိ ခဲ့ပါတယ်
လက်ပံပင်နဲ့ ခွေးရူးက ဘာမှမဆိုင်ခဲ့ပါဘူး
နင် တာထွက်စောခဲ့တယ် မ၀ါဆို
မြင်နေကျ လူ့ပက်ဝန်းကျင်တစ်ခုလုံးကို ကားလိပ်ချ
ပရိတ်သတ်ကို အိမ်ပြန်စောစေနိုင်သူဟာ နင်ပါ
နင့်ညတစ်ညကို ပိုင်ဆိုင်ရတဲ့အတွက် နင်တောင်းတဲ့ ရော်ကျေးက များမသွားဘူးလား မ၀ါဆို
ဒုက္ခအမှုဆိုတာ သံသရာမှာ ခံရမြဲပဲတဲ့ သုဝဏ္ဏသာမဇတ် ထဲမှာကြားဖူးတယ်
ခါးခါးသီးသီး မုန်းခွင့်ပြုပါ မ၀ါဆို
ကြွေမှ ကောက် ကြွေမှ မွှေး ကြွေကျသွားတဲ့ ခရေတွေ ပျံ့ကျဲနေတယ်
ငါနင့်ကို မုန်းတယ် မ၀ါဆို
နင်ညံ့ခဲ့ပါသေးတယ် မ၀ါဆိုရယ် ငါ့ ရိုးတွင်းချဉ်စီ ကိုတော့
နင်အယုံမသွင်းနိုင်ခဲ့ပြန်ဘူး
ဒါပေမယ့် လက်ရှိ ကျားကန်ကန်ထားပါတယ်
ခပ်ယဲ့ယဲ့လေး ပြုံး
ယဲ့ယဲ့လေး ပျော်လို့
တိတ်တိတ်လေး လွမ်းမိပြန်တယ်
ဒီမယ် မ၀ါဆို . . .. အိနြေ္ဒရှင်မကြီး .. . ဒဿဂီရီမကြီး လို့
နင့်အိမ်ရှေ့မှာ မူးရစ်စွာအော် . .အသည်းက နာတယ်
တစစ်စစ်နဲ့ . . . . . . . . .